Acronis Disk Director 11 Home Build 11.0.216
Acronis Disk Director 11 Home သိပ်မကြာခင်က ထွက်ထားတဲ့ ဗါးရှင်းလေးပါ..။
ကျန်ခဲ့တဲ့ တပါတ်က Cbox မှာ အကိုတစ်ယောက်အတွက် တင်ပေးဖို့ ပြောထားလို့..
ရှိပြီးသားထဲက ပြန်ရှာတော့လည်း ရှာလို့ မရသေးတာနဲ့ ဒီကောင်လေးကို
ကျနော်ကြည့်နေကြ နိုင်ငံခြားဆိုဒ်တွေမှာ တင်လာတာ တွေ့လို့ စမ်းသုံးရင် Key
အမှန်လေးနဲ့ ဖူးသုံးလို့ ရတဲ့အတွက် ပြန်လည်တင်ပေးလိုက်ပါတယ်..။ ဟတ်ဒစ်ကို
Clone လို့ခေါ်တဲ့ ဝင်းဒိုးတခုလုံးကို ဟိုဘက်ဟတ်ဒစ်ထဲကနေ ဒီဘက် ဟတ်ဒစ်ထဲကို
copy ကူးပြီး ထည့်ဖို့ အတွက် အရင်ကျနော့်မှာ ရှိတဲ့ Acronis ISO
ဖိုင်လေးကို CD နဲ့ အခွေကူးပြီး အလွယ်တကူ လုပ်ခဲ့တာပါ..။ အခုအဲ့ဒီ ISO
ဖိုင်လေးကို ကျနော့် စက်ထဲမှာ ပြန်ရှာလို့ မရသေးလို့ ဒီကောင်လေးကို
အရင်ရလာတာနဲ့ တင်ပေးလိုက်တာပါ..။ ဒီကောင်လေးနဲ့ ဟတ်ဒစ် Clone
ကူးဖို့တော့ သေချာမသိသေးပါ..။ ကျန်တဲ့ ပါတေးရှင်းခွဲ၊ ဖေါ်မတ်ချ၊ Merge တို့
Split တို့ Format ပြောင်းတာတို့ အားလုံးအသုံးပြုလို့ ရပါတယ်..။
အသုံးပြုလို့ ရတဲ့ Feature တွေ အများကြီးပါတာမို့ တခုချင်းစီ
လုပ်ပြပေးဖို့လည်း အဆင်မပြေပါဘူး..။ ဒါကြောင့်
ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ လေ့လာလို့ ရမယ့် Video ဖိုင်လေးတွေ ရှာပြီး
ကျနော့် Blog ကနေ ကြည့်လို့ ရအောင် လင့်တွေချိတ်ပေးထားပါတယ်..။
ဟိုးအရင်တုန်းက တင်ပေးခဲ့ဖူးတဲ့ MiniTool Partition Wizard
ပိုစ့်တွေကို လေ့လာဖူးတဲ့ သူများကတော့ ဒီကောင်လေးကို အလွယ်တကူ
အသုံးပြုတတ်ပါလိမ့်မယ်..။ အသုံးပြုနည်းနဲ့ လုပ်နည်းတွေ အတူတူပဲမို့
ဒီကောင်လေးကို အသုံးပြုရတာ မခက်တော့ပါဘူး..။ အောက်မှာတော့
ကျနော်ဒီကောင်လေးကို ဖူးဖြစ်အောင် Key တွေထည့်ပြပေးထားပါတယ်..။
လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့
116.2 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော်
ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။
No comments:
Post a Comment